ဧဒင်မှ April 2, 2011 ရက် ၊ 7:00pm တွင် yarzarhtoon ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

You Tube ကို အွန်လိုင်းပေါ်တွင် သီချင်း နားတောင်ရန်၊ရုပ်ရှင် ကြည့် ရန်၊သူငယ်ချင်း အချင်းချင်း ရုပ်သံ ဖိုင်ဝမျှရန် ယနေ့ခေတ် လူ အများ အသုံးပြုနေကြပါ သည်။ ထို အွန်လိုင်း စာမျက်နှာ ကို ( Steve Chen , Chad Hurley , Jawed Karim ) တို့ က သုံးဦး ပေါင်းကာ စတင်ဖန် တီးခဲ့ ကြပါတယ်။အစပိုင်း ပထမတွင် သူတို့ နှင့် သူငယ်ချင်း များ ညနေစာ စားပွဲများ မှ အမှတ်တရ ဗီဒီယို ဖိုင်များ မျှဝေ ရန် နှင့် ဖိုင်ကြီးမားပြီး (Mail Programs) များမှ မပို့နိုင်သည့် ရုပ်သံ ဖိုင် များ ဝေမျှဖို့ စတင် တီတွင် ဖန်တီးခဲ့ကြခြင်း ဖြစ်ပါတယ်။ ယနေ့ ကမ္ဘာပေါ် ရှိ လူသန်းပေါင်း များ စွာ တို့ ဧ။်အမှတ်တရ အဖြစ်အပျက် ရုပ်သံ ဖိုင် များ ကို ဝေမျှဖို့ You Tube က လွယ်ကူစေခဲ့ပါတယ်။

အောက်တွင် ရေးသား သည့် အကြောင်း အရာ အချက် အချို့ မှာ ထို အွန်လိုင်းစာမျက်နှာဧ။် လူအနည်း အငယ်သာ သိရှိတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာ တချို့ ကို ရေးသားဖော်ပြလိုက်ပါတယ် ..

၁။ထိုအွန်လိုင်း စာမျက်နှာကို ဖန်တီး ခဲ့သူ သုံးယောက်စလုံးသည် ထိုစဉ်အချိန်က Pay Pal (အွန်လိုင်း ငွေကြေးစီးပွားရေး လုပ်ငန်း) တွင်လုပ်ကိုင်နေကြပါသည်။

၂။ထိုအွန်လိုင်း စာမျာက် နှာ You Tube ကို ချစ်သူများနေ့ တွင် မှတ်ပုံတင်ခဲ့ပါသည်။ (Valentine’s Day , Feb : 14 , 2005 )

၃။အသင်းဝင် မှတ်ပုံတင်ထားသော အသုံးပြု ခုနှစ်ဆယ် ရာခိုင်နှုန်း သည် အမေရိက မှ ဖြစ်ပြီးတော့ ကျန်ရှိသည် တစ်ဝက် ကျော်ကျော် သည် အသက်နှစ်ဆယ်အောက် ဆယ်ကျော်သက်များဖြစ်ပါတယ်။

၎။ထိုအွန်လိုင်းစာမျက်နှာ သာ (Hollywood) ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်ခဲ့မည်ဆိုပါလျှင် ၄င်းတို့တွင် အပတ်တိုင်း ဇတ်ကား အသစ် ၆၀,000 ထုတ်လုပ်ရန် လုံလောက် တဲ့ ကုန်ကြမ်း အပြည့်အ၀ ရှိပါတယ်တဲ့ ခင်ဗျာ။

၅။NBC,ABC,CBS တို့မှာထက် You Tube တွင် ဗီဒီယို ရုပ်သံဖိုင်များ ဖော်ပြမူ က ပိုမိုများပြားခဲ့ပါတယ်တဲ့ ခင်ဗျာ။

၆။You Tube စုစုပေါင်း အသုံးပြုမူ ပမာဏ ဟာ လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ် Internet အသုံးပြုမူ စုစုပေါင်း ပမာဏ လောက်နဲသွားတော့ ညီနေပါတယ် တဲ့

၇။ထိုစာမျက်နှာပေါ်ရှိ ဗီဒီယို ရုပ်သံဖိုင်တွေ ကို အားလုံး ပြီးဆုံးအောင် ကြည့်ဖို့ဆိုရင် အချိန်နှစ်ပေါင်း တစ်ထောင် လောက်ယူရပါလိမ့်တဲ့ ခင်ဗျာ။ဒါတောင် မှ အဲ့နောက်ပိုင်း နေ့တိုင်း နေ့ တိုင် ဗီဒီယိုဖိုင် သန်းနဲ့ချီပြီးတော့ ဆက်လက် ဝေမျှ တင်ပြမူများရှိနေဦးမှဖြစ်သည့်အတွက်

၈။မျှဝေတင်ပြ သည့် ဗီဒီယို ရုပ်သံ ဖိုင် အများ တွင် လူကြိုက်အများဆုံး အမျိုးအစား (Category , Tag ) မှာ သီချင်း (Music) ဖြစ်ပါတယ် တဲ့ ခင်ဗျာ။

၉။အမေရိက အသုံးပြု များ မျှဝေ တင်ပြတဲ့ ဗီဒီယို ရုပ်သံများကို ကြည့်ရှု မူ အများဆုံးမှာ ကနေဒါ နဲ့ အမေရိက မှ ဖြစ်ပြီးတော့ အဲ့နောက်က ဂျပန် က ဒုတိယ နေရာတွင် တည်ရှိနေပါတယ်

၁၀။ထိုအွန်လိုင်း စာမျက်နှာတွင် ပထမ ဦးဆုံးမျှဝေ တင်ပြခဲ့တဲ့ ဗီဒီယို ရုပ်သံဖိုင်မှာ တိရစ္ဆာန် ဥယျာဉ် မှ ကျနော် ( Me at Zoo) ဆိုသော တစ်ဆယ်ရှစ် စက္ကန့် ခန့် ကြာသော ဗီဒီယို ဖိုင်လေးဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ဧပရယ် လ ၂၃ ရက်နေ့ စနေ နေ့ ညနေပိုင်း ၈နာရီ ၂၇ မိနစ် မှာ စတင် တည်တောင်ဖန်တီးသူ တစ်ဦးဖြစ်သည့် (Jawed Karim) က အသုံးပြုသူ အသင်းဝင် နာမည် (Jawed) ဖြင့် မျှဝေ တင်ပြခဲ့ပါ သည်။ထို ရုပ်သံ ဖိုင်ကို ရာကော့လက်ဗီစကီး (Yakov Lapitsky) က ဆင်တွေရဲ့ နှာမောင်း အရှည်ကြီးတွေဟာ ဘယ်လောက် တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်ဆိုတဲ့ အကြောင်း ကို ပြောပြနေတဲ့ (Jawed Karim) ကို San Diego တိရစ္ဆာန် ဥယျာဉ်တွင် ရိုက်ကူးမှတ်တမ်း တင်ခဲ့ပါသည်။

၁။ကွန်ပျုတာ မျက်နှာပြင် အပြည့် ကြည့်လိုလျှင် (Full screen view of videos) >>> F 11 ကို နှိပ်ပါ မူလ ကို ပြန်သွားလိုပါလျှင် ထို အလွယ်ခလုတ် F 11 ကိုပြန်နိုပ်ပါရန်။

၂။ကြည့်နေ့သော ရုပ်သံဖိုင်အား ခဏ ရပ်ထားလိုလျှင် (Play & Pause ) >>> Space Bar ကိုနိုပ်ပါ ဆက်လက် ကြည့်လိုပါက ထို အလွယ် ခလုတ် Space Bar ကိုပြန်နိုပ်ပါ။

၃။အသံ အတိုး အကျယ် (Volume Up/Down) >>> လုပ်လိုလျှင် Down Arrow key နှင့် Up Arrow Key တို့ဖြစ် အသံ အတိုး အကျယ် ပြုလုပ်လို့ ရပါတယ်။

၎။ဗီဒီယို အား ကျော်လိုလျှင် နောက်ဆုတ်လို့လျှင် (Forward or Rewind a video)>>>Right Arrow Key နှင့် Left Arrow key တို့အား နိုပ်ပြီးတော့ ကျော်လို့ နောက်ဆုတ်လို့ ပါတယ်။

၅။ဗီဒီယို အား အပိုင်း လိုက် ကျော်ပြီးတော့ ကြည့်ချင်တယ် ဆိုလျှင် တော့ (Skip through the video) >>> နံပါတ် ခလုပ်များ 1 ကနေပြီးတော့ 0 အတွင်း နိုပ်ပြီးတော့ အပိုင်းလိုက် ကျော်ပြီးတော့ ကြည့်လို့ ရပါတယ် ခင်ဗျာ။

အောက်တိုဘာလ ၊ ၁၆ ရက်နေ့ ၂၀၀၆ ခုနှစ်တွင် Youtube ကို Google,Inc. ကို ဘီလီယံဒေါ်လာ ၁.၆၅ နဲ့ရောင်းချခဲ့ပါတယ်။ Chen ဟာ Google စတော့ ရှယ်ရာ ၆၂၅,၃၆၆ ကိုလက်ခံ ရရှိခဲ့ပါတယ်။ထိုအပြင် ၆၈၇၂၁ ကို ရောင်းချမူ ယုံကြည်မူအနေနဲ့ ထပ်ပေါင်း ရရှိခဲ့ပါတယ်။ Chen လက်ခံ ရရှိခဲ့တဲ့ Google စတော့ ရှယ်ရာ တွေဟာ အောက်တိုဘာလ ၃၀ ရက်နေ့ ၂၀၀၇ ခုနှစ်စတော့ ဈေးကွက်ပိတ်ချိန်တွင် ကာလပေါက်ဈေး မီလီယံဒေါ်လာ သန်းပေါင်း ၃၅၀ တန်ကြေးပေါက်ခဲ့ပါတယ်။
You Tube ကို ရောင်းချခဲ့ရာတွင် Hurley အတွက် Google စတော့ရှယ်ရာ ၆၉၄၀၈၇ လက်ခံ ရရှိခဲ့ပါတယ်။ထိုအပြင် ၄၁၂၃၂ ကို ရောင်းချမူ ယုံကြည်မူ အနေ နဲ့ ထပ်ပေါင်း ရရှိခဲ့ပါတယ်တဲ့။

Hurley ရရှိခဲ့တဲ့ စတော့ ရှယ်ရာ တွေဟာ အောက်တိုဘာလ စတော့ဈေးကွက် ပိတ်ချိန်တွင်

ကာလပေါက်ဈေး မီလီယံဒေါ်လာသန်းပေါင်း ၄၇၀.၀၁ တန်ကြေးပေါက်ခဲ့ပါတယ်။အောက်တိုဘာလ ၂၀၁၀ ခုနှစ်တွင် CEO ရာထူးမှ နုတ်ထွက်ခဲ့ပြီးတော့ အကြံပေး အရာရှိအဖြင့် ဆက်လက်ရှိနေခဲ့ပါတယ်။

Youtube ကိုရောင်းချခဲ့ရာတွင် Karim အတွက် Google စတော့ရှယ်ရာ ၁၃၇,၄၄၃ ကို လက်ခံ ရရှိခဲ့ပါတယ်။ ကာလပေါက်ဈေး မီလီယံ ဒေါ်လာ သန်းပေါင်း ၆၄ တန်ကြေးပေါက်ခဲ့ ပါတယ်။