ခက်တယ်
မလုပ်ရဘူးပြောရင်အားကြီးလုပ်ချင်တာ သီဟတို့ပဲ အကျင့်မကောင်းတာလားမသိ…
ပိတ်ထားတော့ ချောင်းချောင်းကြည့်တာပေါ့(ဟိ)

ပထမဦးစွာ ချောင်းကြည့်ပေါက်ဖောက်တာပေါ့ —-https://www.polysolve.com/ —–ကို browser ရဲ့ address bar မှာ ရိုက်ထည့်ပါတယ်..
အဲ…ကြော်ငြာကြီးပါလားဆိုပြီးစိတ်မပျက်သွားပါနဲ့…အဲဒီကြော်ငြာညာဘက်အပေါ်ထောင့်က X လေးကို နှိတ်-ပိတ်သွားရော…
ဒီလို proxy site တွေကိုသုံးပြီးကြည့်တဲ့အခါ စိတ်ညစ်ရတာက ခဏခဏ pop up လို့ခေါ်သော ကြော်ငြာများ တက်လာတတ်တာပါ
သို့သော် သည်းညည်းခံပါ…သူက ကိုယ်သွားချင်သောနေရာကို ပို့ပေးနေတာကိုး…

လေရှည်တယ်ဆိုပြီး မပြောနဲ့လေ..မသိသူများအတွက်ကတော့ ဗဟုသုတ ရပါတယ်…ကိုယ်လဲ ဒီလိုပဲ လိုက်ယူရသူဆိုတော့ ကိုယ်ချင်းစာတာလဲပါတာပါ။
စကားပြန်ဆက်ရရင်..
အဲဒီကြော်ငြာကို ပိတ်ပြီး သူ့ website က search box မှာပဲ မိမိ သွားလိုသော address ကို အပြည့်အစုံ (ဥပမာ google web page ကို သွားချင်ရင် http://www.google.com ) ကိုရိုက်ထည့်ကာ being solve ဆိုသော box လေးကို click လိုက်ပါက ရပါပြီခင်ဗျ…. ကျွန်တော်တို့ရဲ့ ချောင်းကြည့်ပေါက်လေး…