နေလင်းအောင်
အတွဲ ၂၆ ၊ အမှတ် ၅၁၂ (၁ – ၇ ၊ ၄ ၊ ၂၀၁၁)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုံမှန် ပြေးဆွဲနေသော အထူးယာဉ်လိုင်း ၄၅ လိုင်းနှင့် ရိုးရိုးယာဉ်လိုင်း ၃၅၆ လိုင်းမှ အစီးရေ ၈,၀၀၀ ကျော်တွင် အစီးရေ ၃,၀၀၀ ကျော်သာ နှစ်သစ်ကူးသင်္ကြန် ကာလအတွင်း ပြေးဆွဲမည်ဖြစ်ကြောင်းနှင့် မင်္ဂလာအဝေးပြေးကားဝင်းရှိ ယာဉ် လိုင်းများမှ ယာဉ်လိုင်းအများစုလည်း သင်္ကြန်ကာလအတွင်း ၎င်းတို့၏ခရီးစဉ်များ ရပ်နားထားမည်ဖြစ်ပြီး နှစ်ဆန်း ၁ ရက်နေ့ မှသာ ပြန်လည်ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

“သင်္ကြန်ကာလအတွင်းမှာ ရန်ကုန်-မန္တလေး ပြေးဆွဲနေတဲ့ မန်းရွှေပြည် ယာဉ်လိုင်း၊ အာကသာယာဉ်လိုင်း၊ ရန်ကုန်-မုတ္တမ ပြေးဆွဲနေ တဲ့ မိဟာရ ယာဉ်လိုင်းနဲ့ ရန်ကုန်-ကျိုက္ကမီ ပြေးဆွဲ နေတဲ့ ရောင်နီထွန်းယာဉ်လိုင်းတွေကပဲ ဆက်လက်ပြေးဆွဲမယ်လို့ စာရင်းပေး ထားပြီးတော့ ကျန်ယာဉ်လိုင်းတွေက တော့ သင်္ကြန်ကာလပြီးမှပဲ ပြန်လည် ပြေးဆွဲမယ်လို့ စာရင်းပေးထားပါ တယ်”ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲမည့် ဘတ်စ် ကားများအနေဖြင့် ပုံမှန်ယာဉ်စီးခနှုန်း ထားအတိုင်းသာ ကောက်ခံကြရန် ညွှန်ကြားထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော် မတီမှတာဝန်ရှိသူတစ်ဦး ကပြောသည်။

ထို့ပြင် အရက်သေစာသောက်စားမှု မရှိစေရေးနှင့် သတ်မှတ်ချက်များ အတိုင်း မောင်းနှင်ကြစေရန် အဖွဲ့ငယ် ငါးဖွဲ့ခွဲ၍ စစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာဉ်လိုင်းပေါင်း ၁၇ လိုင်း ပြေးဆွဲလျက် ရှိရာ အထူးယာဉ်လိုင်းများနှင့် ယာဉ်လိုင်းအများစုမှာ နှစ်ဆန်း ၁ ရက်နေ့မှ သာပြန်လည်ပြေးဆွဲမည်ဖြစ်သည်။

မြန်မာတိုင်းမ် ပြည်တွင်းသတင်း